Tuesday, November 10, 2020

တူရကီအာဏာပိုင်များသည် ၂၀၁၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှု၌ ပါဝင်ပတ်သက်လျက်ရှိသည်ဟု သံသယရှိသူ ၇၀ ဦးအား ဖမ်းဆီးခဲ့ခြင်း

 

တူရကီအာဏာပိုင်များသည်  ၂၀၁၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှု၌ ပါဝင်ပတ်သက်လျက်ရှိသည်ဟု သံသယရှိသူ ၇၀ ဦးအား နိုဝင်ဘာလ ၁၀ ရက် အစောပိုင်း တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ယာနီဆာဖက်ခ် (Yeni Safak) သတင်းစာက ဖော်ပြ ခဲ့ပါသည်။ အစ္စတန်ဘူလ်ရဲတပ်ဖွဲ့သည် အစ္စတန်ဘူလ်မြို့တွင်ပြုလုပ်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်း သံသယရှိသူ ၃၈ ဦးအားလည်းကောင်း၊ ပြည်နယ် ၂၀ ခုတွင်ပြုလုပ်သည့်စစ်ဆင်ရေးများအတွင်း သံသယရှိသူ ၃၂ ဦးအားလည်းကောင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ သံသယရှိသူများသည် စစ်မှုထမ်းဆောင်ဆဲနှင့် ရာထူးမှဖယ်ရှားခြင်းခံထားရသည့် စစ်ဘက်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment