Wednesday, November 4, 2020

တူရကီနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုခြင်း

      Anadolu; Nov-4(Wed)

              တူရကီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတွင် ရှိသော ကော့ဘဇားဒေသရှိ ဘင်္ဂါလီဒုက္ခသည်များနှင့် အခြားသောလူမျိုးစုအဖွဲ့အစည်း များအား ကူညီထောက်ပံ့ရန် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာလ ၃ ရက်တွင် Anadolu သတင်းအေဂျင်စီက ဖော်ပြခဲ့ပါသည်။  နိုဝင်ဘာလ ၂ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားဒေသသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး မူစတာဖာအိုမန်တူရန်(Mustafa Osman Turan)သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မရှင်နာမင်းကြီးရုံး၏ တွဲဖက်အတွင်းရေးမှူး ရှာရက်ဇ်ဝမ်ဟာရက်(Shad Rezwan Hayat)ကော့ဘဇား ခရိုင်မင်းကြီး အမ်ဒီကယ်မယ်ဟောစိန်(Md Kamal Hossain)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။ ထို့ပြင် အကျပ်အတည်းဒုက္ခခံစားနေရသော ဘင်္ဂါလီဒုက္ခသည်များနှင့် အခြား သော လူမျိုးစုအဖွဲ့အစည်းများအား ကူညီထောက်ပံ့ရန် နှစ်နိုင်ငံအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည့်နည်းလမ်းများအား  ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

          တူရန်သည် ဒုက္ခသည်စခန်းများနှင့် စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု၍  လိုအပ်ချက်များအား ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ တူရကီ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီသည် ကော့ဘဇားဒေသရှိ ချာကာရီရာ(Chakaria) နှင့်ရာမူ(Ramu)ဆေးရုံများသို့  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဆေးကုသရေးအတွက် လိုအပ်သော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပါ သည်။ လက်ရှိချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ဘင်္ဂါလီဒုက္ခသည် ပေါင်း ၁.၂ သန်းသည် ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံလျက်ရှိပါသည်။ ဒေသခံ ပြည်သူများအနေဖြင့် ဒုက္ခသည်ပြဿနာများအား ဖြေရှင်းဆောင်ရွက်နေစဉ်အတွင်း  အမျိုးမျိုး သော စိန်ခေါ်မှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment