Xinhua; Nov-18 (Wed)
နာဂေါ်နို-ကရာဘတ်ခ်
(Nagorno-Karabakh)
ဒေသအတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို
စောင့်ကြည့်သွားရန်အတွက် အဇာဘိုင်ဂျန်ဒေသ၌ တူရကီ တပ်ဖွဲ့များ
တပ်ဖြန့်ချသွားရန် အဆိုပြုချက်အား နိုဝင်ဘာလ ၁၇ ရက်တွင် တူရကီလွှတ်တော်က
အတည်ပြုခဲ့ပါသည်။ ၎င်းအဆိုပြုချက်အရ တူရကီတပ်ဖွဲ့ဝင် များကို အဇာဘိုင်ဂျန်တွင် တစ်နှစ်ကြာတပ်ဖြန့်ချသွားမည်ဖြစ်ပြီးစေလွှတ်မည့်
တပ်ဖွဲ့ဝင် အရေအတွက်အား တူရကီသမ္မတမှ
ဆုံးဖြတ်ပေးသွားမည်ဖြစ်ပါသည်။ ၎င်းအဆိုပြုချက် သည် အဇာဘိုင်ဂျန်နှင့် တူရကီတို့အကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနှင့်
အပြန်အလှန်ကူညီထောက်ပံ့ရေးသဘောတူစာချုပ် (Strategic Partnership
and Mutual Assistance Treaty) အရ ကတိကဝတ်များကိုဖြည့်ဆည်းရန်၊
အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အား
ချိုးဖောက်မှုများမှကာကွယ်ရန်၊ တူရကီ၏ အကျိုး စီးပွားကို ထိရောက်စွာကာကွယ်ရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့ကို
ထိန်းသိမ်းရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
တူရကီတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားမှုသည် တူရကီ၏
အမျိုးသားအကျိုးစီးပွား အတွက် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်းကိုလည်း
အဆိုပြုချက်အတွင်း ထည့်သွင်း ပြောကြားထားပါသည်။ ထို့ပြင် ရုရှားနှင့်
တူရကီအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်သွားရန် ပူးတွဲစင်တာ
(Joint
Center) တစ်ခုကို
တည်ထောင်ထားပြီး လိုအပ်ပါက တူရကီတပ်မတော်စစ်မှုထမ်းများနှင့် အစိုးရဝန်ထမ်း များအနေဖြင့် ပူးတွဲစင်တာရှိ လုပ်ငန်းစဉ်များတွင်
ပါဝင်သွားမည်ဖြစ်ကြောင်း အဆိုပြုချက် အတွင်း
ပြောကြားထားပါသည်။ အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev)၊
အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ရန် (Nikol Pashinyan) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်
(Vladimir Putin) တို့သည်
နာဂေါ်နို-ကရာဘတ်ခ်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့်ပတ်သက်၍ နိုဝင်ဘာလ
၁၀ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment