Monday, November 9, 2020

မြေထဲပင်လယ်အရှေ့ပိုင်းတွင် တူရကီနိုင်ငံ၏ ရန်လိုသောမူဝါဒများကြောင့် ၎င်းနိုင်ငံသို့ ရေငုပ်သင်္ဘောများနှင့် စစ်လက်နက်ပစ္စည်းများပေးပို့နေမှုကို ရပ်တန့်ပေးရန် ဂရိနိုင်ငံခြားရေးဝန်ကြီး ကတောင်းဆိုခဲ့ခြင်း

 မြေထဲပင်လယ်အရှေ့ပိုင်းတွင် တူရကီနိုင်ငံ၏ ရန်လိုသောမူဝါဒများကြောင့် ၎င်းနိုင်ငံသို့ ရေငုပ်သင်္ဘောများနှင့် စစ်လက်နက်ပစ္စည်းများပေးပို့နေမှုကို ရပ်တန့်ပေးရန် ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုဒန်ဒီးစ် (Nikos Dendias) က ဂျာမနီနိုင်ငံအား တောင်းဆို ခဲ့ကြောင်း နိုဝင်ဘာလ ၉ ရက်ထုတ် Die Welt သတင်းစာတွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် နီကိုဒန်ဒီးစ်က ဂျာမနီအနေဖြင့် စစ်လက်နက်ပစ္စည်းများပေးပို့နေမှုသည် တူရကီအား မြေထဲပင်လယ်အရှေ့ပိုင်းတွင် မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခွင့်ရရှိစေမည်ဖြစ်ပြီး ဒေသတွင်းအင်အားချိန်ခွင်လျှာကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တူရကီသည် Type 214 ရေငုပ်သင်္ဘော ၆ စီးအား ဂျာမနီနိုင်ငံမှမှာယူထားရှိပြီး အဆိုပါ ရေငုပ်သင်္ဘောများရရှိခဲ့ပါက ဂရိနိုင်ငံအပေါ် စစ်ရေးအရ ထပ်မံခြိမ်းခြောက်မှုများ ပြုလုပ် လာနိုင်ဖွယ်ရှိသည်ဟု နီကိုဒန်ဒီးစ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment