Intellinews; Nov-26
(Thu)
ယူကရိန်းသမ္မတ
ဗိုလိုဒီမာဇီလန်စကီး(Volodymyr Zelenskiy)သည် တူရကီနှင့် ဖက်စပ်ကုမ္ပဏီတစ်ခုတည်ထောင်၍
Bayraktar TB2 အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ် ၄၈ စီးထုတ်လုပ်ရန်
သဘောတူညီခဲ့ကြောင်း နိုင်ငံပိုင်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် Ukrspetsexport ကုမ္ပဏီ၏ညွှန်ကြားရေးမှူးချုပ် ဗတ်ဒမ်အီဟော်ရိုဗီချီ
(Vadym Ihorovych)က နိုဝင်ဘာလ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
လက်ရှိ အချိန်တွင် နာဂေါ်နို-ကရာဘတ်ခ်ဒေသနှင့်စပ်လျဉ်း၍
အာမေးနီးယားနှင့်အဇာဘိုင်ဂျန် အကြား ပဋိပက္ခဖြစ်ပွားလျက်ရှိခြင်းကြောင့် အဆိုပါလေယာဉ်များအား
အဇာဘိုင်ဂျန် နိုင်ငံသို့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ကနေဒါအနေဖြင့် တူရကီနိုင်ငံသို့မောင်းသူမဲ့လေယာဉ်၏
နည်းပညာအစိတ်အပိုင်းများကူညီထောက်ပံ့ခြင်း မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့မှုအပေါ်
ဒေါသထွက်မိကြောင်း တူရကီသမ္မတ ရီဆတ် တေးရစ်အာဒိုဂန်(Recep
Tayyip Erdogan)က ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်တွင် ယူကရိန်းသမ္မတဇီလန်စကီးနှင့်
ဖုန်းပြောဆိုစဉ်အတွင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံ၏
ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် ဘေကာမာကင်နာ (Baykar Makina) ကုမ္ပဏီသည်
Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအပြင် ထောက်လှမ်းရေးစနစ်များကိုလည်း
ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ တူရကီနှင့်ယူကရိန်း တို့အနေဖြင့် သဘောတူညီချက်တွင်မပါဝင်သည့်
မည်သည့်နိုင်ငံကိုမဆို တူရကီထံမှ Bayraktar
TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များဝယ်ယူလိုပါက တင်ပို့ရောင်းချရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဟော်ရိုဗီချီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ထို့ပြင် ယူကရိန်း နိုင်ငံ၌ထုတ်လုပ်မည့်
အဆိုပါမောင်းသူမဲ့လေယာဉ်များသည် တူရကီတွင်ထုတ်လုပ်ခဲ့သည့် မောင်းသူမဲ့လေယာဉ်များနှင့် အနည်းငယ်ကွာခြားမှုရှိလိမ့်မည်ဖြစ်ကြောင်း
၎င်း၏ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment