ကမ္ဘောဒီးယားနှင့် ဟန်ဂေရီတို့သည် နှစ်နိုင်ငံဆက်ဆံရေး၊ အရပ်ဘက် လေကြောင်းပျံသန်းမှု၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ
ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ရေး
သဘောတူညီချက် ၃ ခုအား နိုဝင်ဘာလ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း
ကမ္ဘောဒီးယားပြောရေးဆိုခွင့်ရှိသူတစ်ဦးက
နိုဝင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်
ဟွန်ဆန် (Hun Sen) သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်
ဟန်ဂေရီနိုင်ငံခြားရေးနှင့်
ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဇီဂျာတို (Peter Szijjarto) တို့ပြုလုပ်ခဲ့သော အဆိုပါလက်မှတ်ရေးထိုးပွဲသို့
တက်ရောက်ခဲ့ပါသည်။ ထို့ပြင် ဟွန်ဆန်သည် လက်မှတ်ရေးထိုးပွဲမတိုင်မီ
နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန်နှင့်
အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းရေးအတွက်
ပူးပေါင်း ဆောင်ရွက်ရန် နည်းလမ်းများနှင့်ပတ်သက်၍
ဆီဇီဂျာတိုနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့
ကြောင်း သိရှိရပါသည်။
No comments:
Post a Comment