Friday, November 13, 2020

တူရကီနိုင်ငံ၏ Kanuni အမည်ရှိ စူးစမ်းရှာဖွေရေးသင်္ဘောသည် ပထမဆုံး မစ်ရှင်စတင်ရန်အတွက်ပင်လယ်နက်သို့ ရွက်လွှင့်ခဲ့ခြင်း

 တူရကီနိုင်ငံ၏ Kanuni အမည်ရှိ စူးစမ်းရှာဖွေရေးသင်္ဘောသည်  ပထမဆုံး မစ်ရှင်စတင်ရန်အတွက် နိုဝင်ဘာလ ၁၃ ရက်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul)မြို့မှ ပင်လယ်နက်သို့ ရွက်လွှင့်ခဲ့ကြောင်း စွမ်းအင်နှင့်သဘာဝအရင်းအမြစ် ဝန်ကြီး ဖသီဒွန်းမဇ် (Fatih Donmez) က ပြောကြားခဲ့ပါသည်။ အဆိုပါသင်္ဘော၏ ပထမအကြိမ် စူးစမ်းရှာဖွေရေးမစ်ရှင်အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖသီဒွန်းမဇ်က ပြောကြားခဲ့ပါသည်။ ၎င်းသင်္ဘော သည် မကြာသေးမီကာလအတွင်း သဘာဝဓာတ်ငွေ့ ၄၀၅ ဘီလီယံ ကုဗမီတာအား ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် Turkali-1 ဓာတ်ငွေ့တွင်းများ၌ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။  

No comments:

Post a Comment