Pak
Observer; Nov-12 (Thu)
ပါကစ္စတန်ရေတပ်သင်္ဘော
Zulfiqar အနေဖြင့် မြေထဲပင်လယ်ဒေသအတွင်း ပြုလုပ်ခဲ့ရှိသည့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကင်းလှည့်မှု စစ်ရေး လေ့ကျင့်ခန်း Mavi
Balina 2020 တွင် တူရကီရေတပ်နှင့် ပူးတွဲကင်းလှည့်မှု လုပ်ငန်းများဆောင်ရွက်ရန်အတွက် တူရကီနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရှိရပါ သည်။ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ ပြုလုပ်ခဲ့သည့် အဆိုပါ Mavi
Balina 2020 စစ်ရေး လေ့ကျင့်ခန်းသည် တူရကီနိုင်ငံဦးဆောင်သည့် နိုင်ငံ ပေါင်းစုံပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်းဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်ခန်း၌ ဘူလ် ဂေရီးယား၊ အီတလီ၊ စပိန်၊ ရိုမေးနီးယားနှင့် အမေရိကန်တို့မှ ရေတပ်
သင်္ဘောများ ပါဝင်ပြုလုပ်ခဲ့ကြပါသည်။ ယင်းစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရေတပ်ဖွဲ့များအကြား အပြန်အလှန်လေ့လာမှုခိုင်မာ အားကောင်းစေရေး၊ အတွေ့
အကြုံမျှဝေဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင်
ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပါသည်။ ထို့ပြင် စစ်ရေးလေ့ကျင့်ခန်းအား တပ်ဖွဲ့ဝင်များ၏ဆိပ်ကမ်းပိုင်းဆိုင်ရာ လေ့ကျင့်ခြင်း၊ ပင်လယ်ပြင်အတွင်းလေ့ကျင့်ခြင်းနှင့် ပြန်လည်လေ့လာသုံးသပ်ခြင်း
ဟူ၍ အဆင့် ၃ ဆင့်ခွဲထားပြီး လေ့ကျင့်ခန်းအားCOVID-19
ကပ်ရောဂါထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများအတိုင်း ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ပါကစ္စတန်ရေတပ်သင်္ဘော Zulfiqar
တူရကီနိုင်ငံသို့ရောက်ရှိခဲ့စဉ်အတွင်း ပါကစ္စတန်နှင့် တူရကီရေတပ်ဖွဲ့တို့အနေဖြင့် အပြန်အလှန် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြပါသည်။ ထို့ပြင် မကြာသေးမီက တူရကီတွင် လှုပ်ခတ်ခဲ့သည့် Izmir ငလျင်ကြောင့် တူရကီပြည်သူများ သေဆုံးခဲ့မှုတို့အပေါ် ဝမ်းနည်းကြောင်း ပါကစ္စတန်ဘက်မှ ပြောကြားခဲ့ပါသည်။ ပါကစ္စတန်ရေတပ်အနေဖြင့် တူရကီ
ရေတပ်နှင့် ညီရင်းအစ်ကိုသဖွယ် ဖော်ရွေသည့်ဆက်ဆံရေးထူထောင်ထားနိုင်ခဲ့ပြီး စစ်ရေးလေ့ကျင့်ခန်း အတွင်း ပါကစ္စတန်ရေတပ်သင်္ဘောသည် ပါကစ္စတန်အစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်အညီလိုက်နာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment