Saturday, November 7, 2020

ဂရိရေတပ်သည် ရေယာဉ်စုများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ခြင်း

 ၇။           ဂရိရေတပ်သည် ရေယာဉ်စုများကို အဆင့်မြှင့်တင်ရန်အတွက် ဘက်စုံသုံး ရေပြင်သွားတိုက်ခိုက်ရေးဖရီးဂိတ်စစ်သင်္ဘောများ (Multi-Mission Surface Combatant- MMSC) ဝယ်ယူရေးဆိုင်ရာ သဘောတူစာချုပ်တစ်ခုချုပ်ဆိုရန် အမေရိကန်နိုင်ငံအား ကမ်းလှမ်းခဲ့ကြောင်း Kathimerini သတင်းစာက နိုဝင်ဘာလ ၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါကမ်းလှမ်းမှုတွင် အမေရိကန်ထုတ် MMSC ဖရီးဂိတ် စစ်သင်္ဘော ၄ စီး ဝယ်ယူရေး၊ MEKO အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘော ၄ စီးကို အဆင့်မြှင့်တင်ရေးနှင့် FFG(X) အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောများထုတ်လုပ်ရာတွင် ဂရိသင်္ဘောကျင်းများ ပါဝင်ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များပါဝင်လျက်ရှိပါသည်။ ဂရိရေတပ်၏ ကမ်းလှမ်းမှုသည် ဂရိအစိုးရကထုတ်ပြန်ကြေညာထားသော မဟာဗျူဟာရည်မှန်းချက် များနှင့် အပြည့်အဝကိုက်ညီမှုရှိသည်ဟု အထက်ပါသတင်းစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment