ယူကရိန်းနှင့်တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးများအကြား စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများကို လာမည့်ဒီဇင်ဘာလတွင် ယူကရိန်းနိုင်ငံ၏ မြို့တော် ကီးယက် (Kyiv) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း UNIAN သတင်းဌာနက ပြောကြားခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများ တက်ရောက်မည်ဖြစ်ပါသည်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (Volodymyr Zelensky) သည် တူရကီနိုင်ငံ၏ မြို့တော် အစ္စတန်ဘူလ် (Istanbul) သို့ အလည်အပတ်ခရီးရောက်ရှိစဉ် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့်တွေ့ဆုံ၍ အဆိုပါအစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဗာ (Dmytro Kuleba) က ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါဆွေးနွေးမှုအတွင်း Antonov လေကြောင်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ မူဘောင်အတွင်း အပြန်အလှန် အကျိုး သက်ရောက်စေမည့် ဆွေးနွေးမှုများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment