Sunday, November 8, 2020

တူရကီငွေကြေးတန်ဖိုး ဆက်လက်ကျဆင်းလျက်ရှိပြီး စီးပွားရေးပြဿနာများနှင့်ရင်ဆိုင်ရလျက်ရှိခြင်း

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် တူရကီနိုင်ငံသုံး လိုင်ရာ (Lira) ငွေကြေးတန်ဖိုးများ ဆက်လက်ကျဆင်းလျက်ရှိပြီး စီးပွားရေးဆိုင်ရာပြဿနာများ တိုးမြှင့်ဖြစ်ပေါ်နေချိန်အတွင်း တူရကီဘဏ္ဍာရေးဝန်ကြီး ဘီရတ်အယ်လ်ဘေရက် (Berat Albayrak) သည် ၎င်း၏ရာထူးမှနုတ်ထွက်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် Instagram မှတစ်ဆင့် ကြေညာခဲ့ပါသည်။ တူရကီငွေကြေးတန်ဖိုးကျဆင်းမှုကို ထိန်းချုပ် နိုင်ခြင်းမရှိသောကြောင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က တူရကီဗဟိုဘဏ်အကြီးအကဲအား ရာထူးမှဖယ်ရှားပြီးနောက် ဘဏ္ဍာရေး ဝန်ကြီး၏နုတ်ထွက်မှု ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေးထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရချိန် အတွင်း လိုင်ရာငွေကြေးတန်ဖိုးသည် ၂၀၂၀ ပြည့်နှစ်အတွင်း ၃၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment