BBC; Nov-30
(Mon)
မော်ဒိုဗာနိုင်ငံ၏ရွေးကောက်ခံသမ္မတအသစ် မာရီယာဆန်ဒူ(Maia Sandu) သည်
ယူကရိန်းနယ်စပ်ရှိ Trans-Dniester ခွဲထွက်ဒေသတွင် တပ်ဖြန့်ချထားသော
ရုရှားတပ်ဖွဲ့ဝင်များအားပြန်လည်ရုပ်သိမ်းသွားရန်
နိုဝင်ဘာလ ၃၀ ရက်တွင် တောင်းဆို ခဲ့ကြောင်း BBC သတင်းဌာနက
ပြောကြားခဲ့ပါသည်။ ရုရှားတပ်ဖွဲ့များကို Trans-Dniester
ခွဲထွက်ဒေသ၌ တပ်ဖြန့်ချထားသွားရန် မည်သည့်အခါမှခွင့်ပြုချက်မပေးခဲ့ ကြောင်း
ရွေးကောက်ခံသမ္မတအသစ် မာရီယာဆန်ဒူက
ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့ပါသည်။ ရွေးကောက်ခံသမ္မတအသစ် မာရီယာ ဆန်ဒူသည် နိုဝင်ဘာလအစောပိုင်း၌
ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ရုရှား နိုင်ငံကထောက်ခံသည့်
လက်ရှိသမ္မတ အီဂေါဒိုဒွန် (Igor
Dodon)ကို အနိုင်ရရှိခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ဆန်ဒူ၏ပြောကြားချက်များကိုငြင်းပယ်ခဲ့ပြီး
အဆိုပါလုပ်ဆောင်မှု များသည် ရုရှားနိုင်ငံနှင့်မော်ဒိုဗာနှစ်နိုင်ငံတို့အကြား
တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေ နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်သော အမျိုးသမီးသမ္မတဖြစ်သူ
ဆန်ဒူသည် ကမ္ဘာ့ဘဏ် (World Bank)၏ စီးပွားရေးကျွမ်းကျင်ပညာရှင်ဟောင်းတစ်ဦးဖြစ်ပြီး
ဥရောပသမဂ္ဂနှင့်နီးကပ်သည့် ဆက်ဆံရေးရှိသူတစ်ဦးလည်းဖြစ်ပါသည်။ ရုရှားနိုင်ငံ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဖြစ်သော Trans-Dniester ဒေသရှိ ရုရှားတပ်ဖွဲ့ဝင်များအား မော်ဒိုဗာနိုင်ငံရှိ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
(Organization for Security and Co-operation in Europe) အောက်ရှိ အရပ်ဘက်စောင့်ကြည့်ရေးအဖွဲ့
များဖြင့် အစားထိုးသင့်ကြောင်း ဆန်ဒူက ထပ်လောင်းပြောကြားခဲ့ပါသည်။ လက်ရှိတွင် အဆိုပါဒေသ၌
ရုရှားတပ်ဖွဲ့ဝင် ၁,၅၀၀ ဉီးအား တပ်ဖြန့်ချထားပါသည်။ ထို့ပြင်
ရုရှား တပ်ဖွဲ့ဝင်များအား အဆိုပါဒေသမှ လက်နက်သိုလှောင်ထားရှိမှုများနှင့်အတူ ချွင်းချက်
မရှိရုပ်သိမ်းသွားရန် တောင်းဆိုခဲ့မှုအပေါ် ကုလသမဂ္ဂ (United Nations) က ထောက်ခံ ခဲ့ပါသည်။ ထို့နောက် ရုရှားအစိုးရရုံးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ရုရှားတပ်ဖွဲ့များအနေဖြင့် Trans-Dniesterဒေသတွင် တပ်ဖြန့်
ချထားမှုများဆက်လက်လုပ်ဆောင်သွားဟု မျှော်မှန်းထားရှိကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်ဟုသိရှိရပါသည်။
No comments:
Post a Comment