ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်းကာ့ဇ် (Sebastian Kurz) သည် နိုဝင်ဘာလ ၉ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) နှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း NHK သတင်း ဌာနက ထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ပြင်သစ်ရှိ နိုက်စ် (Nice) မြို့နှင့် ဩစတြီးယားနိုင်ငံ၏မြို့တော် ဗီယင်နာ (Vienna) တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ အစ္စလာမ္မစ်အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စရပ် များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ မက်ခရွန်အနေဖြင့် ဩစတြီးယားနိုင်ငံသို့ သွားရောက်ရန် မူလကစီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် များကြောင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ရန် ပြောင်းလဲစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment