AA;
Nov- 5 (Wed)
ကိုဆိုဗိုသမ္မတ ဟာရှင်မ်သာစီ (Hashim Thaci) သည် စစ်ရာဇဝတ်မှုများ
ကျူးလွန်ခဲ့သည်ဟု နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ခ် (The Hague) မြို့ရှိ ကိုဆိုဗို
ဆိုင်ရာ အထူးတရားရုံး၏ စွဲချက်တင်ခံရပြီးနောက်
ရာထူးမှနုတ်ထွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။
ကိုဆိုဗိုသမ္မတသည် နိုင်ငံနှင့် ပြည်သူများ၏ ဂုဏ်သိက္ခာကို ကာကွယ်သည့်အနေဖြင့် သမ္မတရာထူးမှ
နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ကိုဆိုဗိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည်
ယူဂိုဆလားဗီးယားပြည်ထောင်စု တည်ရှိစဉ်ကပင် ဆားဘီးယားနိုင်ငံ၏
တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါသည်။
အဆိုပါဒေသတွင် ရှေးယခင်ကတည်းကပင် အယ်လ်ဘေးနီးယားနှင့် ဆာ့ဘ်လူမျိုးများ
အတူယှဉ်တွဲနေထိုင်လာခဲ့ကြသော်လည်း သမိုင်းကြောင်းနောက်ခံအခြေအနေများနှင့် လူမျိုး၊
ဘာသာကွဲပြားမှုတို့ကြောင့် သမိုင်း အစဉ်အဆက်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပါသည်။
ထို့ကြောင့် အယ်လ်ဘေးနီးယား လူမျိုးများသည် ကိုဆိုဗိုဒေသအား ဆားဘီးယားနိုင်ငံမှ
သီးခြားနိုင်ငံအဖြစ်ခွဲထွက်ရန်
ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် (KLA) ကို ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလတွင်
ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိကိုဆိုဗိုသမ္မတ ဟာရှင်မ်သာစီသည် ကိုဆိုဗို လွတ်မြောက်ရေးတပ်မတော်တွင် ခေါင်းဆောင်တစ်ဦးအဖြစ်
လူသိများခဲ့သူတစ်ဦးဖြစ်ပြီး ဆာ့ဘ်လူမျိုးများနှင့်
အယ်ဘေးနီးယန်းအတိုက်အခံ နိုင်ငံရေးသမားများအား လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟူသော
စွပ်စွဲချက်များဖြင့် ယခုနှစ်၊ ဇွန်လတွင် နယ်သာလန်နိုင်ငံ၊ ဟိတ်ခ် (The
Hague) မြို့တွင် ကိုဆိုဗိုဆိုင်ရာ အထူးတရားရုံး၏ စွဲချက်တင်မှုနှင့်
ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။ KLA အဖွဲ့အနေဖြင့် ၁၉၈၉-၁၉၉၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုဆိုဗိုစစ်ပွဲအတွင်း
ကိုဆိုဗိုဒေသလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် ခဲ့ခြင်းသာဖြစ်ပြီး အခြားနိုင်ငံအပေါ်
ကျူးကျော်ခြင်းမဟုတ်သည့်အတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းများကလည်း အဆိုပါကိစ္စရပ်အပေါ် ထောက်ခံထားကြောင်း၊ အဆိုပါ
စွပ်စွဲချက်များမှာ မှန်ကန်မှုမရှိကြောင်းနှင့် ဆားဘီးယားနိုင်ငံကသာ အမှန်တကယ် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကိုဆိုဗိုအစိုးရက
အခိုင်အမာပြောကြားထားပါသည်။ ကိုဆိုဗိုစစ်ပွဲအပြီး
ဖြစ်ပွားခဲ့သည့်စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ၂၀၁၁
ခုနှစ်တွင်ဖွဲ့စည်းခဲ့သည့် ကိုဆိုဗိုဆိုင်ရာတရားရုံးသည် လက်ရှိတွင် သမ္မတ အပါအဝင်
ကာကွယ်ရေးဝန်ကြီးဌာန၏ အကြံပေးအရာရှိနှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း တို့အား
စွဲချက်တင်ထားပါသည်။ ကိုဆိုဗိုအရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့်အနောက် နိုင်ငံအများစုသည် ကိုဆိုဗိုအား နိုင်ငံအဖြစ်
အသိအမှတ်ပြုထားသော်လည်း ဆားဘီးယားနှင့်
၎င်း၏မဟာမိတ်များဖြစ်သည့် ရုရှားနှင့် တရုတ်တို့ကမူ အသိအမှတ်ပြု ထားခြင်းမရှိကြောင်း
တွေ့ရှိရပါသည်။ ကိုဆိုဗိုသမ္မတ စွဲချက်တင်ခံရမှုနှင့် ရာထူးမှ နုတ်ထွက်မှုတို့သည် ကိုဆိုဗိုပြည်သူများအတွက်
အမျက်ဒေါသထွက်စေကာ နိုင်ငံအတွင်း မတည်ငြိမ်မှုများကို
ဖြစ်ပေါ်စေနိုင်ရုံသာမက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ခ် (The
Hague) မြို့ရှိ ကိုဆိုဗိုဆိုင်ရာအထူးတရားရုံးအနေဖြင့်လည်း
ကိုဆိုဗို၏ မိတ်ဖက်နိုင်ငံ များဖြစ်သည့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအချို့၏
ဖိအားပေးမှုများနှင့် ရင်ဆုံကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment