ဘူလ်ဂေးရီးယားနှင့်
မြောက်မက်ဆီဒိုးနီးယားနိုင်ငံတို့အနေဖြင့် သမိုင်းကြောင်း
နှင့် ဘာသာစကားဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနေရဆဲဖြစ်သောကြောင့် မြောက်မက်ဆီဒိုးနီးယား၏
ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်ရေးဆိုင်ရာ ဆွေးနွေးမှု များကို ကန့်ကွက်ရန် ပြင်ဆင်လျက်ရှိကြောင်း
ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး အီကာတီရီနာဇာဟာရီဗာ
(Ekaterina Zaharieva) က နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြား ခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ ပြည်ပရေးရာဝန်ကြီးများအနေဖြင့်
မြောက်မက်ဆီဒိုးနီးယား အား ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် လက်ခံရေးဆိုင်ရာဆွေးနွေးမှုများကို
နိုဝင်ဘာလ ၁၇ ရက်တွင် ပြုလုပ်သွားရန် ဆောင်ရွက်လျက်ရှိသော်လည်း အခြားတစ်နိုင်ငံက ကန့်ကွက်လျှင် ဆွေးနွေးမှုအား စတင်နိုင်မည်မဟုတ်ကြောင်း
ဇာဟာရီဗာက ပြောကြား ခဲ့ပါသည်။ ထို့ပြင် မြောက်မက်ဆီဒိုးနီးယားအနေဖြင့် ၂၀၁၇
ခုနှစ်တွင် လက်မှတ် ရေးထိုးထားသည့် မိတ်ဖက်ဖြစ်မှုဆိုင်ရာသဘောတူစာချုပ်ပါ ကတိကဝတ်များကို
လိုက်နာခြင်းမရှိဘဲ ဘူလ်ဂေးရီးယား မုန်းတီးရေးမူဝါဒများကိုသာ ချမှတ်လျက်ရှိသည်ဟု ဇာဟာရီဗာက
ထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment