တူရကီနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည် စွမ်းအင်မှ ကာကွယ်ရေးအထိ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့နိုင်ရန်အတွက် နှစ်နိုင်ငံသဘောတူညီချက်များစွာကို လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းအရင်းမြစ်များက ဖော်ပြခဲ့ပါသည်။ တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အောက်တိုဘာလ ၂၀ ရက်တွင် နိုင်ဂျီးရီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး နိုင်ဂျီးရီးယား သမ္မတ မူဟာမာဒူဘူဟာရီ (Muhammadu Buhari) က မြို့တော် အဘူဂျာ (Abuja) ရှိ သမ္မတအိမ်တော်တွင် အခမ်းအနားဖြင့် ကြိုဆိုဧည့်ခံခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် သဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ပြင် ကာကွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ သတ္တု တူးဖော်ရေးနှင့် ဟိုက်ဒရိုကာဗွန်ဆိုင်ရာ သဘောတူညီချက်များကိုလည်း လက်မှတ် ရေးထိုးခဲ့ကြသည်ဟု ဘူဟာရီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment