Wednesday, October 6, 2021

ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၏ လွှတ်တာ်ဥက္ကဌများဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တူရကီလွှတ်တော်ဥက္ကဌက တက်ရောက်ခဲ့ခြင်း

 6.10.2021

          တူရကီလွှတ်တော်ဥက္ကဋ္ဌ မူစတာဖာဆန်တော့ (Mustafa Sentop) သည် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၏ လွှတ်တော်ဥက္ကဋ္ဌများဆိုင်ရာ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အီတလီနိုင်ငံသို့ အောက်တိုဘာလ ၆ ရက်တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါခရီးစဉ် အတွင်း ဆန်တော့သည် အီတလီလွှတ်တော်အမတ်များနှင့်သာမက Think Tanks အဖွဲ့ များဖြင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပါသည်။ အီတလီနိုင်ငံသည် တူရကီနိုင်ငံ၏ အရေးပါသည့် ဥရောပမဟာမိတ်နိုင်ငံဖြစ်သည့်အပြင် ၂၀၂၀ ပြည့်နှစ်ကလည်း ၎င်းတို့နှစ်နိုင်ငံသည် မြေထဲပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ခဲ့ကြပါသည်။ ထို့ပြင် အီတလီ နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် တူရီနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment