၁၁။ မွန်တီနီဂရိုးသမ္မတ မီလို့စ်ဒူကာနိုဗစ် (Milo Dukanovic) သည် မွန်တီနီဂရိုး နှင့် ဂျော်ဂျီယာနိုင်ငံတို့အကြား သံတမန်ရေးဆိုင်ရာဆက်ဆံရေးသမိုင်းတွင် ပထမဆုံး အကြိမ်ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာလ ၇ ရက်တွင် ဂျော်ဂျီယာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ၎င်းအား ဂျော်ဂျီယာသမ္မတ ဆာလိုမီဇိုရာဘစ်ဗီလီ (Salome Zourabichvili) က အောဘီလီယာနီသမ္မတအိမ်တော် (Orbeliani Presidential Palace) ၌ အခမ်းအနားနှင့်လက်ခံကြိုဆို၍ မျက်နှာချင်းဆိုင် အစည်းအဝေးတစ်ခုအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ခရီးစဉ်အတွင်း မီလို့စ် ဒူကာနိုဗစ်သည် ဂျော်ဂျီယာသမ္မတအပြင် ဝန်ကြီးချုပ် အီရာကလီဂါရီဘရှဗီလီ (Irakli Garsbashvili) နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပါသည်။ မွန်တီနီဂရိုးနှင့် ဂျော်ဂျီယာနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအား ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် စတင် တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment