Wednesday, October 6, 2021

ဥရောပကော်မရှင်၏ လုပ်ဆောင်နေမှုများ

 6.10.2021

        ဥရောပကော်မရှင်သည် ရွှေ့ပြောင်းသွားလာသူများအရေးနှင့်စပ်လျဉ်း၍ နယ်စပ် ဒေသတင်းမာမှုများဖြစ်ပေါ်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဘီလာရုဇ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများထပ်မံချမှတ်သွားရန် အသင့်ရှိကြောင်း ဥရောပသမဂ္ဂပြည်တွင်း ရေးရာကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယတ်ဗာဂျွန်ဟန်ဆွန် (Ylva Johansson) က အောက်တိုဘာလ ၅ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ဥရောပသမဂ္ဂ သည် စီးပွားရေးဆိုင်ရာကန့်သတ်တားမြစ်ချက်အဖြစ် ဘီလာရုဇ်နိုင်ငံသား ၁၆၆ ဦးနှင့် အဖွဲ့အစည်း ၁၅ ခုကို အရေးယူပိတ်ဆို့မှုချမှတ်ပြီးဖြစ်ပါသည်။ ဥရောပကော်မရှင်သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း ဘီလာရုဇ်အစိုးရတာဝန်ရှိသူများအား ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်ပိတ်ပင်သည့် အရေးယူမှုချမှတ်ကြောင်း ကြေညာခဲ့သည်ဟု သိရှိရပါသည်။

          ဥရောပသမဂ္ဂခေါင်းဆောင်များသည် အောက်တိုဘာလ ၅ ရက်တွင်တွေ့ဆုံ၍ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေသည့်ကိစ္စရပ်များ၊ လောင်စာဆီ စျေးနှုန်းကြီးမြင့်လာမှု၊ အာဖဂန်နိုင်ငံအခြေအနေနှင့် AUKUS အဖွဲ့ဝင်နိုင်ငံများအတွင်း ရေငုပ်သင်္ဘောတည်ဆောက်ရေးသဘောတူညီချက်များအပေါ် ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း အဆာဟိရှီဘွန်းသတင်းဌာနက အောက်တိုဘာလ ၆ ရက်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂခေါင်းဆောင်များသည် အောက်တိုဘာလရက်တွင် ဘောလ်ကန်ဒေသနိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိပါသည်။ ဥရောပသမဂ္ဂခေါင်းဆောင်များ၏ အဆိုပါ အစည်းအဝေးသည် ပြင်သစ်နိုင်ငံအနေဖြင့် ဩစတြေးလျနိုင်ငံနှင့်ချုပ်ဆိုထားသော ဒေါ်လာဘီလံယံများစွာတန်ဖိုးရှိ ရေငုပ်သင်္ဘောတည်ဆောက်ရေးသဘောတူညီမှုဆုံးရှုံး ခဲ့ရပြီး အာဖဂန်နစ္စတန်နိုင်ငံမှ ဥရောပတပ်ဖွဲ့ဝင်များဆုတ်ခွာခဲ့ရသည့်အချိန်မှစ၍ ပထမဆုံး ပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း သိရှိရပါသည်။

        ဥရောပသမဂ္ဂသည် နိုင်ဂျီးရီးယားစွမ်းအင်ထောက်ပံ့ရေးအစီအစဉ် (Nigeria’s energy support programme-NESP) အတွက် နောက်ထပ် ယူရို ၁၅ သန်း ထောက်ပံ့ရန် ခွင့်ပြုပေးခဲ့ပါသည်။ ဥရောပသမဂ္ဂသည် နိုင်ဂျီးရီးယားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍအတွက် ကနဦး ယူရို သန်း ၂၀ သတ်မှတ်ထားရာမှ နောက်ထပ် ယူရို ၁၅ သန်း ထပ်မံထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ယူရို ၃၅ သန်း ရှိလာမည်ဖြစ်ပါသည်။ အဆိုပါ ပမာဏအနက် ယူရို ၁၅ သန်းကို ဂျာမနီအစိုးရက ထောက်ပံ့ခဲ့ခြင်းဖြစ်ပါသည်။ NESP သည် ဥရောပသမဂ္ဂ၊ ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနတို့က ပူးတွဲတည်ထောင်ထားသော နည်းပညာအကူအညီပေးရေးအစီအစဉ်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment