Abcnews.go.com;Oct-5(Tue)
ချက်သမ္မတနိုင်ငံသည် အစ္စရေးအစိုးရထံမှ အမေရိကန်ဒေါ်လာ သန်း ၆၃၀ တန်ဖိုးရှိ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်တစ်ခု ဝယ်ယူရေးသဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ချက်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံပိုင် Rafael Advance Defense System Ltd. မှထုတ်လုပ်သော SPYDER အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ခရုဇ်ဒုံးကျည်များနှင့် အခြားသောလက်နက်များ၏ ပစ်ခတ်မှုများမှ ကာကွယ်နိုင်စွမ်းရှိပါသည်။ အဆိုပါတာတိုပစ်လေကြောင်းရန်ကာကွယ်ရေး စနစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၃၀ ဖြင့် သဘောတူညီချက်ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် အပြီးသတ်လက်ခံရရှိသွားမည်ဖြစ်ကြောင်း ချက်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
အစ္စရေးနိုင်ငံ၏ အဆိုပါလေကြောင်းရန်ကာကွယ်ရေးစနစ်သည် ချက်နိုင်ငံ၏ စစ်ဘက်ကို ခေတ်မီတပ်မတော်ဖြစ်စေရေး အဆင့်မြှင့်တင်တည်ဆောက်ရာတွင် အဓိက ကျလိမ့်မည်ဖြစ်ကြောင်း ချက်ကာကွယ်ရေးဝန်ကြီး လူဘိုမာမက်နာ (Lubomir Metnar)က ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံ၏ ဆိုဗီယက်ခေတ်ကအသုံးပြုခဲ့သော တိုက်လေယာဉ်ဖျက် 2K 12KUB စနစ်သည် စစ်ဘက်နှင့် အရပ်ဘက်အဆောက်အအုံ များအပါအဝင် စက်မှုလုပ်ငန်းဆိုင်ရာအချက်အချာနေရာများ၊ နျူကလီးယားဓာတ်အားပေး စက်ရုံများ၊ လေဆိပ်များနှင့် အခြားသောအရေးကြီးသည့် အဆောက်အအုံများအား ကာကွယ်ရန်အတွက် ခေတ်မမီတော့သဖြင့် ၎င်း၏နေရာတွင် SPYDER လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်အား အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း ချက်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment