တူရကီနိုင်ငံအနေဖြင့် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဌာနမှ အောက်တိုဘာလ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါတိုက်ခိုက် မှုသည် နိုင်ဂျီးရီးယားနိုင်ငံ၊ ဆိုကိုတို (Sokoto) ပြည်နယ်၊ ဂိုယွန်ရို (Goronyo) ဒေသ၌ အောက်တိုဘာလ ၁၈ ရက်တွင်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ ဒဏ်ရာရှိခဲ့၍ ၄၃ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံး ခဲ့ရသူများ၏ မိသားစုဝင်များ၊ ပြည်သူများနှင့် နိုင်ဂျီးရီးယားအစိုးရတို့၏ဆုံးရှုံးမှုကို ဝမ်းနည်း ကြေကွဲပါကြောင်းနှင့် ဒဏ်ရာရရှိသူများအား အမြန်ဆုံးပြန်လည်သက်သာကောင်းမွန် လာစေရန်ဆန္ဒပြုကြောင်း ဖော်ပြချက်များအရ သိရှိရပါသည်။
No comments:
Post a Comment