Saturday, October 30, 2021

 

ဆီးရီးယားနှင့်အီရတ်နိုင်ငံတို့တွင် တူရကီတပ်ဖွဲ့များတပ်ဖြန့်ချထားမှုကို နောက်ထပ် ၂ နှစ်ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည့် တူရကီနိုင်ငံ၏ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တူရကီနိုင်ငံ၏လုပ်ဆောင်မှုသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်လျက်ရှိကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် များကိုဆန့်ကျင်ပြီး ဆီးရီးယားမြေပေါ်တွင် စစ်ဆင်ရေးများဖန်တီးလျက်ရှိကြောင်း၊ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင် မှုကို လေးစားရန်လိုအပ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်ဟု သိရှိ ရပါသည်။

No comments:

Post a Comment