Saturday, October 30, 2021

 

    လစ်သူရေးနီးယားနယ်ခြားစောင့်တပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာရှနှင့်အာဖရိကနိုင်ငံများမှဝင်ရောက်လာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၈၀ ဦးအား ဘီလာရုဇ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း လစ်သူရေးနီးယား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့က အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါတရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် လစ်သူရေးနီးယားနယ်စပ်ရှိ ခရိုင်များမှတစ်ဆင့်ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြပြီး ၎င်းတို့ ဖမ်းဆီးရာတွင် အထူးတပ်ဆင်ထားသောပစ္စည်းကိရိယာများနှင့် လက်နက်များအား အသုံးပြုခဲ့ခြင်းမရှိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့က ထပ်လောင်းဖော်ပြခဲ့ပါသည်။ ယခု နှစ်အတွင်း လစ်သူရေးနီးယား-ဘီလာရုဇ်နယ်စပ်တစ်လျှောက် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ   ၄,၀၀၀ ဦးခန့်အား ထိန်းသိမ်းမှုများပြုလုပ်ခဲ့ပြီး အဆိုပါအရေအတွက်သည် ၂၀၂၀ ပြည့်နှစ်ကာလထက် အဆပေါင်း ၅၀ ကျော်ခန့် ပိုမိုများပြားလာခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment