Tuesday, October 26, 2021

အမေရိကန်နှင့် တူရကီနိုင်ငံတို့သည် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

 

အမေရိကန်နိုင်ငံမှ တူရကီနှင့်ချုပ်ဆိုထားသည့် F-35 တိုက်လေယာဉ်ဝယ်ယူရေး ဆိုင်ရာသဘောတူညီချက်အား တစ်ဖက်သတ်ဖျက်သိမ်းခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာညီလာခံ၌တွေ့ဆုံရန် မျှော်မှန်းထားရှိိကြောင်း တူရကီသမ္မတ ရီဆတ်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က အောက်တိုဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ ပါသည်။ F-35 တိုက်လေယာဉ် ဝယ်ယူရေးဆိုင်ရာကိစ္စရပ်သည် တူရကီနိုင်ငံအတွက် အရေးကြီးသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ F-35 ရရှိနိုင်ရေးအတွက် တူရကီမှ အမေရိကန်သို့ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံပေးချေထားပြီးဖြစ်ကြောင်းနှင့် အမေရိကန်ဘက်မှ ဝယ်ယူရေးဆိုင်ရာစာချုပ်အား တစ်ဖက်သတ်ဖျက်သိမ်းလိုက်သည့်အတွက် ငွေပေး ချေထားမှုအပေါ် မည်ကဲ့သို့ပြန်လည်ပေးလျော်မည်နှင့်ပတ်သက်၍ ဆွေးနွေးရန်လိုအပ် ကြောင်းလည်း အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment