Monday, October 11, 2021

ဂရိသည် တူရကီနယ်စပ်တွင် အစောင့်တပ်ဖွဲ့ဝင်များ တိုးမြှင့်တပ်ဖြန့် ချထားမည်ဆိုခြင်း

 

Arabnews; Oct-11(Mon)

              ဂရိရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ များပြားလာသည့်အတွက် တူရကီနယ်စပ်၌ အစောင့်တပ်ဖွဲ့ဝင် ၂၅၀ ဦးအား တိုးမြှင့်တပ်ဖြန့်ချထားသွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီး တာကစ်စ်သီအိုဒိုရစ်ကာကိုးစ် (Takis Theodorik akos) က အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဥရောပသို့ ဝင်ရောက် လိုသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများအား လက်ခံသွားမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ ဂရိနိုင်ငံသို့  နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူဦးရေမြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ နိုင်ငံရေးခိုလှုံခွင့်တောင်းခံ သူများအကြား အဓိကရုဏ်းဖြစ်ပွားခဲ့သည့်အတွက် ကားကို့စ်က ယခုကဲ့သို့ တပ်ဖွဲ့ဝင် များကို တိုးမြှင့်တပ်ဖြန့်ချထားရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအကြား အလားတူ အဓိကရုဏ်းဖြစ်ပွားမှုကို ကာကွယ်သည့်အနေဖြင့် ကင်မရာများ၊ ရေဒါများအပါအဝင် ၄၀ ကီလိုမီတာအရှည်ရှိသော သံဆူးကြိုးအကာအကွယ် များကိုလည်း အသုံးပြုခဲ့ကြောင်း ကားကို့စ်က ပြောကြားခဲ့ပါသည်။

           ထိုကဲ့သို့ ဂရိရဲတပ်ဖွဲ့ဝင်များ၏ တပ်ဖြန့်ချထားမှုများအပြင် ဂရိအရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့သည်လည်း Alexandrou polis လေဆိပ်၌ နယ်ခြား စောင့်ကြည့်ထောက်လှမ်းရေးအတွက် တာရှည်ခံမိုးပျံပူဖောင်းများကိုအသုံးပြု၍ တပ်ဖြန့် ချထားမှုများပြုလုပ်ခဲ့ပါသည်။ ထို့အတူ ဥရောပသမဂ္ဂနယ်စပ်ရေးရာအေဂျင်စီဖြစ်သည့် Frontex သည်လည်း အဆိုပါနယ်စပ်တွင် ဂရိနိုင်ငံကဲ့သို့ ရွှေ့ပြောင်းအခြေချနေထိုင်သူ များစောင့်ကြည့်ရေးအတွက် မိုးပျံပူဖောင်းများအား  တပ်ဖြန့်ချထားမှုများပြုလုပ်ခဲ့ပါ သည်။ ဂရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများ၏တောင်းဆို မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။


No comments:

Post a Comment