Wednesday, October 6, 2021

ဂျော်ဂျီယာ၊ တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် ၃ နိုင်ငံ ပူးတွဲသဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း

 

Anadolu Agency; Oct-5(Tue)

              ဂျော်ဂျီယာကာကွယ်ရေးဝန်ကြီး ဟွမ်းရှဲရာဘာချူလက်ဇီ (Juansher Burchuladze) တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) နှင့် အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီး ဇာကီဟန်ဆနော့ (Zakir Hasanov) တို့သည် ဂျော်ဂျီယာနိုင်ငံ၊ မြို့တော် တီဘလစ်ဆီ (Tbilisi) အောက်တိုဘာလ ရက်တွင် ပြုလုပ်ခဲ့သည့်   () ကြိမ်မြောက် ၃ နိုင်ငံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအစည်းအဝေးအတွင်း ကာကွယ်ရေးဝန်ကြီးများသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် ၃ နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏အရေးပါပုံကို အလေးထားဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ အဇာဘိုင်ဂျန်တွင်ကျင်းပပြုလုပ်နေသည့် အဇာဘိုင်ဂျန်နှင့် တူရကီတပ်ဖွဲ့ဝင်များပါဝင်သော “Indestructible Brotherhood 2021” အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းနှင့် ဂျော်ဂျီယာနိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် ဂျော်ဂျီယာ၊ တူရကီနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင်များပါဝင်သော “The Eternity 2021” အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအပါအဝင် နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်ခန်းများ၏ အရေးပါပုံနှင့်ပတ်သက်၍ ဂျော်ဂျီယာကာကွယ်ရေးဝန်ကြီး ဟွမ်းရှဲရာဘာချူလက်ဇီက အလေးထားပြောကြားခဲ့ပါသည်။

              ထို့ပြင် ၃ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်လာစေမည့်နည်းလမ်းများ ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဟန်ဆနော့က ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ပေါ်စေသည့် ဒေသတွင်းအကြမ်းဖက်မှုနှင့် ခွဲထွက်ရေး လှုပ်ရှားမှုကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဟန်ဆနော့က ထပ်လောင်းပြောကြား ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအပြီးတွင် ကာကွယ်ရေးဝန်ကြီးများသည် ၃ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာစေရန် ရည်ရွယ်သည့် ၃ နိုင်ငံပူးတွဲသဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment