Sunday, October 24, 2021

တူရကီသမ္မတသည် အဇာဘိုင်ဂျန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဆိုခြင်း

 

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အောက်တိုဘာလ ၂၆ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် သယ်ယူ ပို့ဆောင်ရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များအား အဓိကထားဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်ပြီး Shusha သဘောတူညီချက်အား လက်မှတ်ရေးထိုးသွားမည်ဖြစ် ပါသည်။ အဆိုပါသဘောတူညီချက်အရ တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အနေဖြင့် ပြည်ပနိုင်ငံများ၏ မည်သည့်ကျူးကျော်ခြိမ်းခြောက်မှုများကိုမဆို ရင်ဆိုင်ဖြေရှင်း ရာ၌ အတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment