၇။ ဂရိနိုင်ငံရေးပါတီခေါင်းဆောင်များက ဂရိဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံတို့ အကြား ဆွေးနွေးမှုများအတွင်း
ဂရိနိုင်ငံ၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်သွားရန် သဘောတူညီခဲ့မှုကို
ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လက်ရှိအရှေ့အလယ်ပိုင်းဒေသနှင့် မြေထဲပင်လယ်ပြင်အတွင်း
တင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပါသည်။ ဂရိဝန်ကြီးချုပ်သည်
မကြာသေးမီက ၎င်း၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း
ဆေွးနွေးမှုများ၌ရရှိခဲ့သည့် ရလဒ်များအပေါ် အတိုက်အခံ ပါတီခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ
လုပ်ဆောင်လျက်ရှိပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အဆင့်မြှင့်တင်ရေး
သဘောတူလက်ခံပေးရန် စည်းရုံးလျက် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment