Aljazeera;Jan-26(Sun)
အမေရိကန်အပါအဝင် အနောက်နိုင်ငံများ
လက်ရှောင်ထားကြသည့် လစ်ဗျား အရေးတွင် နိုင်ငံရေးအဖြေတစ်ရပ်ရရှိသည်အထိ
ကမကထပြုကူညီပံ့ပိုးသွားရန်အတွက် ရုရှားနိုင်ငံနှင့်တူရကီနိုင်ငံတို့အကြား
ပူးပေါင်းမှုပြုလုပ်ခဲ့ပါသည်။ လစ်ဗျားနိုင်ငံ၏ ရွှေ့ပြောင်း အခြေချနေထိုင်မှုနှင့်
လက်နက်ကိုင်အဖွဲ့များဆိုင်ရာပြဿနာများက အမေရိကန် ပြည်ထောင်စုအား
စိတ်ဝင်စားမှုကင်းမဲ့စေသကဲ့သို့ ဥရောပသမဂ္ဂအတွင်း၌လည်း အာဏာ ပြိုင်ဆိုင်မှုများဖြစ်ပေါ်နေခြင်းက
လစ်ဗျားနိုင်ငံအတွင်း ရုရှားနှင့် တူရကီ ခြေချခွင့်ရသွား စေခဲ့ကြောင်း
ပြင်သစ်သတင်းစာ Le Monde က သုံးသပ်ရေးသားခဲ့ပါသည်။
ကဒါဖီအလွန် လစ်ဗျားနိုင်ငံအား
အခြားနိုင်ငံများအနေဖြင့် ထောက်ခံအားပေးမှုနှင့်
ကူညီပံ့ပိုးမှုပြုရန်ပျက်ကွက်ခဲ့ခြင်းကြောင့် လစ်ဗျားနိုင်ငံတွင်
ရုရှားနိုင်ငံနှင့် တူရကီနိုင်ငံ တို့၏လှုပ်ရှားမှုများ
ကြီးထွားလာရခြင်းဖြစ်ကြောင်းလည်း Le Monde က ရေးသား ဖော်ပြခဲ့ပါသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကအသိအမှတ်ပြုလက်ခံထားသည့် GNA အစိုးရ၏
တပ်ဖွဲ့များကို ကူညီပံ့ပိုးရန်နှင့် လေ့ကျင့်ပေးရန်အတွက် တူရကီတပ်ဖွဲ့ဝင် များကို
လစ်ဗျားနိုင်ငံသို့စေလွှတ်ထားပါသည်။ လစ်ဗျားနိုင်ငံအတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု
အမြန်ဆုံးလုပ်ဆောင်နိုင်ခြင်းမရှိပါက ပရမ်းပတာအခြေအနေများနှင့်
ရင်ဆိုင်နေရမည်ဖြစ်ကြောင်း တူရကီသမ္မတက သတိပေးပြောကြားခဲ့ပါသည်။ လစ်ဗျား နိုင်ငံအတွင်းရှိ
လက်နက်ကိုင်အဖွဲ့အားလုံး ဇန်နဝါရီလ ၁၂ ရက်မှစ၍ အပစ်အခတ် ရပ်စဲမှုပြုလုပ်ရန်
ရုရှားနှင့် တူရကီ နှစ်နိုင်ငံလုံးက ပူးတွဲတိုက်တွန်းပန်ကြားမှုပြုလုပ် ထားကြောင်း
သိရှိရပါသည်။
No comments:
Post a Comment