TASS; Jan-21(Tue)
ရုရှားနိုင်ငံသည် တူရကီနိုင်ငံသို့ S-400 လေကြောင်းရန်ကာကွယ်ရေး
ဒုံးကျည်စနစ် ၂ ခုနှင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်အစင်း ၁၂၀ ကျော်ပေးပို့ခဲ့ ကြောင်း
Tass သတင်းဌာနက ဇန်နဝါရီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ပေးပို့မှုတွင် အထောက်အကူပြုပစ္စည်းများနှင့် အပိုပစ္စည်းများလည်းပါဝင်ပြီး
နည်းပညာ လွှဲပြောင်းမှုပါဝင်ခြင်းမရှိကြောင်း ရုရှားသတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့ပါ
သည်။ ရုရှားနှင့် တူရကီတို့သည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိသည့် S-400 ဒုံးကျည်စနစ်များပေးပို့ရေးဆိုင်ရာ
သဘောတူညီမှုအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီမှု
အရ ရုရှားသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် S-400 ဒုံးကျည်စနစ်များအား ပထမ အသုတ်အဖြစ်
တူရကီနိုင်ငံသို့ လေကြောင်းမှပေးပို့ခဲ့ပါသည်။
ရုရှားနှင့် တူရကီတို့သည့် လွှဲပြောင်းပေးအပ်မှုဆိုင်ရာ သဘောတူညီချက်
တစ်ရပ်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် တူရကီနိုင်ငံ အန်ကာရာ (Ankara) မြို့၌
လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်အရ လပေါင်း ၂၀ သက်တမ်းရှိသည့် ပြုပြင်ထိန်းသိမ်းရေးအာမခံရရှိမည်ဖြစ်ပါသည်။ တူရကီအနေဖြင့်
S-400 စနစ်များမှတစ်ဆင့်ရရှိလာသည့် အတွေ့အကြုံများအား ကိုယ်ပိုင်ဒုံးကျည် စနစ်များထုတ်လုပ်ရာတွင်
အသုံးပြုသွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေး ဆိုင်ရာ
စက်မှုလုပ်ငန်း၏ ညွှန်ကြားရေးမှူး အစ္စမေးလ်ဒီမာ (Ismail Demir) က ၂၀၁၉ ခုနှစ်၊
ဒီဇင်ဘာလတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီအနေဖြင့် S-400 စနစ်တပ်ဆင်မှုနှင့် လေ့ကျင့်မှုများကို
ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းစနစ် များအား ယခုနှစ် ဧပြီလ၊ သို့မဟုတ် မေလတွင် စတင်အသုံးပြုသွားနိုင်မည်
ဖြစ်သည်ဟု တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က လွန်ခဲ့သောသီတင်းပတ်အတွင်း
ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment