၁၀။ ဂရိနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်
ဝင်ရောက်မှုပမာဏသည် ယခင် နှစ်ထက် ပိုမိုမြင့်တက်လျက်ရှိသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
(United Nations High Commissioner for Refugees-UNHCR) က ဇန်နဝါရီလ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်အရ
၂၀၁၈ ခုနှစ်အတွင်း ဂရိနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်
၅၀,၅၀၈ ဦးရောက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အတွင်း ဒုက္ခသည်စုစုပေါင်း ၇၄,၄၈၂ ဦးအထိရောက်ရှိလာသဖြင့် ပိုမိုမြင့်တက်လာ ခဲ့ကြောင်း
ဖော်ပြထားပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်အတွင်း ဂရိနိုင်ငံအတွင်းသို့
ဒုက္ခသည် ၁,၀၉၁ ဦး ဝင်ရောက်ခဲ့ရာ
၎င်းပမာဏသည် ယခင်နှစ်ကာလတူပမာဏထက်
၂ ဆနီးပါး ပိုမို လာခဲ့သည်ဟု
ထုတ်ဖော်ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment