၆။ ရုရှားနိုင်ငံသည်
S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပါဝင်သည့် မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည်
၁၂၀ စင်းကျော်နှင့် ဆက်စပ်ပစ္စည်းအစိတ်အပိုင်း များအား တူရကီနိုင်ငံသို့ပေးအပ်ခဲ့ကြောင်း
စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များ အားကိုးကား၍ ရုရှားပြည်တွင်းသတင်းဌာနတစ်ခုက ဇန်နဝါရီလ
၂၀ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ရုရှားနှင့် တူရကီနိုင်ငံတို့သည် အဆိုပါစစ်လက်နက်ပစ္စည်းများ
လွှဲပြောင်း/ လက်ခံရေးဆိုင်ရာ သဘောတူညီချက်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင်
တူရကီနိုင်ငံ၏မြို့တော် အန်ကာရာ၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့ရေး
Rosoboronexport ကုမ္ပဏီကမူ ၎င်းသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment