၉။ ခရိုအေးရှားနိုင်ငံ၏ အဓိကအစိုးရအတိုက်ခံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်း ဇိုရန်မီလန်နိုဗစ် (Zoran Milanovic) သည် ခရိုအေးရှားသမ္မတ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည်။ ဇိုရန်မီလန်နိုဗစ်သည် ခရိုအေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းတစ်ဉီးဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် မဲပေးမှုတို့တွင် ၎င်း၏ပြိုင်ဘက် အာဏာရဗဟိုလက်ယာယိမ်းဒီမိုကရက်တစ်ပါတီမှ လက်ရှိသမ္မတ ကိုလင်ဒါဂရာဘာ-ကီတာရိုဗစ်ချ် ( Kplinda Grabar – Kitarovic ) က ၄၇.၃ ရာခိုင်နှုန်းရရှိခဲ့ပြီး မီလန်နိုဗစ်သည် မဲရလဒ် ၅၂.၇ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ မီလန်နိုဗစ်သည် ခရိုအေးရှားဝန်ကြီးချုပ်အဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment