Thenews; Jan-15(Wed)
အမေရိကန်နိုင်ငံက တူရကီအား နည်းပညာလွှဲပြောင်းပေးအပ်မှုနှင့်
လိုင်စင် ချထားမှု နှောင့်နှေးနေခြင်းများကြောင့် ပါကစ္စတန်အနေဖြင့် တူရကီနိုင်ငံပိုင်ကုမ္ပဏီ
တစ်ခုဖြစ်သည့် (Turkish Aerospace Industries-TAI) မှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တိုက်ခိုက်ရေးရဟတ်ယာဉ် အစင်း ၃၀ ဝယ်ယူရေးသဘောတူညီမှုအား သက်တမ်းတိုးမြှင့်ခဲ့ပါသည်။ TAI သည် ပါကစ္စတန်နိုင်ငံနှင့်
အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ T129 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် အစင်း
၃၀ ရောင်းချ ရေးသဘောတူညီမှုတစ်ရပ်အား ၂၀၁၈ ခုနှစ်တွင်
လက်မှတ်ရေးထိုးထားပါသည်။ သို့သော် TAI ကုမ္ပဏီအနေဖြင့် တတိယနိုင်ငံတစ်ခုအား ရောင်းချမည်ဆိုပါက
အမေရိကန်၏ ပို့ကုန်လိုင်စင်ချထားပေးရန်
လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် အမေရိကန်မှ TAI ကုမ္ပဏီ အပေါ် နည်းပညာရောင်းချမှုနှင့် ပို့ကုန်လိုင်စင်ခွင့်ပြုထားမှုမရှိသေးခြင်းကြောင့်
တူရကီ အစိုးရအနေဖြင့် T129 ရဟတ်ယာဉ်များအတွက် ပြည်တွင်းအင်ဂျင်ထုတ်လုပ်မှုအား
TAI ၏ ကုမ္ပဏီခွဲဖြစ်သော Tusas Engine Industries ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
No comments:
Post a Comment