၁၁။ သိပ္ပံနှင့်
နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင် ရေးအတွက် နားလည်မှုစာချွန်လွှာ
၁၈ ခုအား တူရကီနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ ကြောင်း အီရန်မဟာဗျူဟာမြောက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစင်တာအကြီးအကဲ
ဆိုရီနာဆတ်တာရီ (Sorena Sattari) က ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက် များအား ပြီးခဲ့သည့်သီတင်းပတ်အတွင်းက
၎င်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံသို့သွားရောက်စဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းလည်း
ဆတ်တာရီက ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်များအရ နှစ်နိုင်ငံအကြား နည်းပညာကဏ္ဍတွင်
အပြန်အလှန်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး
အသိဉာဏ်ကိုအခြေခံသည့် ထုတ်ကုန်များအတွက် စျေးကွက် ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment