CGTN; Jan-15(Wed)
ဗိုလ်ချုပ်ကြီး
ခါလီဖာဟတ်ဖ်တာ (Khalifa Haftar) ၏ လစ်ဗျားအရှေ့ပိုင်း အခြေစိုက်တပ်ဖွဲ့အနေဖြင့် လစ်ဗျားနိုင်ငံ၏
နိုင်ငံတကာအသိအမှတ်ပြုအစိုးရအဖွဲ့ အပေါ် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက
အရေးယူဆောင်ရွက်သွား ရန်အသင့်ရှိကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep
Tayyip Erdogan) က ဇန်နဝါရီလ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံရှိ ပြည်သူများအား
ကာကွယ်သွားရန် တာဝန်ရှိကြောင်းနှင့် တူရကီနိုင်ငံသည် လစ်ဗျားနိုင်ငံနှင့်
သမိုင်းကြောင်း အရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း
ခိုင်မာသည့်ဆက်နွှယ်မှုများရှိကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့်
လစ်ဗျားအရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက ခါလီဖာဟတ်ဖ်တာသည် လစ်ဗျားနိုင်ငံတစ်နိုင်ငံလုံး
အား သိမ်းပိုက်သွားလိမ့်မည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။
No comments:
Post a Comment