၁၂။ ဂျာမနီ၊ ရုရှား၊ တူရကီနှင့် ပြင်သစ်နိုင်ငံတို့မှ
ခေါင်းဆောင်များသည် လစ်ဗျား နိုင်ငံရှိ ပဋိပက္ခများအဆုံးသတ်ရေးနည်းလမ်းများကို ဆွေးနွေးရန်အတွက်
ဇန်နဝါရီလ ၁၉ ရက်တွင် ဘာလင်မြို့၌ တွေ့ဆုံသွားမည်ဖြစ်ပါသည်။
ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ပြုလုပ်သည့် အဆိုပါဆွေးနွေးမှုများအား ဂျာမနီစံတော်ချိန်
နေ့လယ် ၂ နာရီခန့်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး
လစ်ဗျားနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြုအစိုးရအဖွဲ့အကြီးအကဲနှင့် ဝန်ကြီးချုပ်ဖြစ်သူ
ဖာရတ်ဇ်အယ်လ်ဆာရက်ဂျ် (Fayez al-Sarraj) နှင့် လစ်ဗျားအမျိုးသား တပ်မတော် (LNA) ခေါင်းဆောင် ခါလီဖာဟက်ဖ်တာ
(Khalifa Haftar) တို့လည်း တက်ရောက်သွားနိုင်ဖွယ်ရှိပါသည်။ အဆိုပါဆွေးနွေးမှုမတိုင်မီ ထွက်ပေါ်လာသော ကြေညာချက်တစ်ရပ်တွင်
ကုလသမဂ္ဂက လစ်ဗျားပဋိပက္ခတွင် ပါဝင်ပတ်သက်လျက် ရှိသည့် နိုင်ငံများအားလုံးအနေဖြင့်
ကြားဝင်စွက်ဖက်မှုမပြုရေးအစီအစဉ်တစ်ရပ်နှင့် အပစ်အခတ်ရပ်စဲရေးတစ်ရပ်ကို
လက်မှတ်ရေးထိုးသွားနိုင်ရန် မျှော်လင့်ပါသည်ဟု ဖော်ပြ ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment