၁၁။ တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဇန်နဝါရီလ ၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် တူရကီစစ်ဘက်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ ပါသည်။ အဆိုပါတိုက်ခိုက်မှုသည် ဆီးရီးယားနိုင်ငံ ယူဖရေးတီးမြစ်အရှေ့ဘက်ရှိ လမ်းလုံခြုံရေးဆောင်ရွက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်း ဌာနက ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်နှင့် မဟာမိတ်ဆီးရီးယားအတိုက်အခံ တပ်ဖွဲ့များသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဆီးရီးယားနိုင်ငံအတွင်းရှိ ကာ့ဒ်သူပုန်များကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပြီး တူရကီအရှေ့တောင်ပိုင်းရှိ စစ်သွေးကြွများနှင့် ဆက်စပ်လျက်ရှိသည့် ကာ့ဒ်သူပုန်များအား အကြမ်းဖက်အဖွဲ့ အဖြစ် တူရကီနိုင်ငံက သတ်မှတ်ထားလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment