၆။ ရုရှားနှင့်
တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အယ်လ်ဒါဘာဆီရတ် (Al Darbasiyah) နှင့် ရက်စ်အယ်လ်အင်
(Ras al-Ain) မြို့တို့ရှိ ကျေးလက်ဒေသများတွင် ပူးတွဲကင်းလှည့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း ဆီးရီးယားအရေးစောင့်ကြည့်သူတစ်ဦးက
ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံ၏ (၂၄) ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုတွင် ရုရှားစစ်ဘက်မှ ရဟတ်ယာဉ် ၂ စီးလည်းပါဝင်ကြောင်း
လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားလေ့လာသူတစ်ဦးက
ထပ်လောင်းပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များအပေါ်
တူရကီနိုင်ငံ၏ ထိုးစစ်ဆင်မှုများ ပြုလုပ်နေမှုအား
ရပ်တန့်ရေးနှင့်စပ်လျဉ်း၍ ရုရှားနှင့်တူရကီနိုင်ငံတို့အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်နိုင်ငံပူးတွဲ ကင်းလှည့်မှုများကို
စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment