Tuesday, January 21, 2020

တူရကီနိုင်ငံအနေဖြင့် လစ်ဗျားသို့ တိုက်ခိုက်ရေးတပ်ဖွဲ့များအားစေလွှတ်မည် မဟုတ်ဘဲ စစ်ဘက်အကြံပေးနှင့်နည်းပြများကိုသာ စေလွှတ်သွားမည်

 

၁၀။        တူရကီနိုင်ငံအနေဖြင့် လစ်ဗျားသို့ တိုက်ခိုက်ရေးတပ်ဖွဲ့များအားစေလွှတ်မည် မဟုတ်ဘဲ စစ်ဘက်အကြံပေးနှင့်နည်းပြများကိုသာ စေလွှတ်သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)က ဇန်နဝါရီလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် လစ်ဗျားအမျိုးသားတပ်မတော်၏တပ်ဖွဲ့များ အပေါ် စစ်ရေးလေ့ကျင့်ခန်းများအား တရားဝင်ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလတ်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။  တူရကီအစိုးရအနေဖြင့် လစ်ဗျားနိုင်ငံ၏ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ထောက်ပံ့မှုများဆက်လက်ပေးအပ်သွားမည်ဟု ကာဗူဆိုဂလူက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment