၁၀။ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဥရောပကောင်စီဥက္ကဋ္ဌ ချားလက်စ်မိုက်ကယ်လ် (Charles Michel) နှင့် ဇန်နဝါရီလ ၁၁ ရက်တွင် တူရကီနိုင်ငံ၌ တွေ့ဆုံခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့သည် တူရကီနှင့် ဥရောပ သမဂ္ဂတို့အကြား အပြန်အလှန်ဆက်ဆံရေးအခြေအနေများနှင့် ဒေသတွင်းနောက်ဆုံး ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါ သည်။ တူရကီနိုင်ငံအနေဖြင့် လစ်ဗျားနိုင်ငံသို့ တပ်ဖွဲ့ဝင်စေလွှတ်ခဲ့ခြင်းနှင့် အရှေ့မြေထဲ ပင်လယ်အတွင်း တူးဖော်မှုများပြုလုပ်ခဲ့ခြင်းတို့ကြောင့် တူရကီနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ အကြားဆက်ဆံရေးအပေါ် အကျပ်အတည်းများဖြစ်စေခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment