တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi
Akar) သည် ဥဇဘက်ကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရှုခါဒိုမူခါမီဒေါ့ဗ် (Shukhrat
Kholmukhamedov) အား တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ ဒီဇင်ဘာလ ၁၅
ရက်တွင် တွေ့ဆုံ ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှု
အတွင်း စစ်ဘက်ပညာရေးပူးပေါင်းဆောင်ရွက်မှုများနှင့်
ကာကွယ်ရေးလုပ်ငန်းများတွင် ရှိရင်းစွဲဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားရန်
အရေးကြီးကြောင်း ဗိုလ်ချုပ်ကြီး ဟူလူဆီအကာက ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ် ရှုခါဒိုမူခါမီဒေါ့ဗ်အနေဖြင့်
တူရကီ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ရက်ဆာဂူလာ (Yasar Guler) ၏ ဖိတ်ကြားချက်အရ တူရကီ
နိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း Yenisafak သတင်းဌာန၏ ဖော်ပြချက်အရ
သိရှိရပါသည်။
No comments:
Post a Comment