Sunday, December 19, 2021

လာမည့် ၂၀၂၂ ခုနှစ်တွင် စွမ်းအင်ကုန်ကျစရိတ်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ချက်သမ္မတနိုင်ငံဝန်ကြီးက သတိပေးပြောကြားခဲ့ခြင်း

 

Expats; Dec-13(Mon)

              ချက်သမ္မတနိုင်ငံအစိုးရသည် ဥရောပတစ်ဝှမ်းရှိ စွမ်းအင်ပဋိပက္ခများကို ထိရောက်စွာ ထိန်းချုပ်ကန့်သတ်ရန်ကြိုးပမ်းမှုအနေဖြင့် အိမ်ထောင်စုများအတွက် ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းမဖြစ်စေရန် အဆိုပြုချက်များကို တင်သွင်းခဲ့ကြောင်း Expats သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါလုပ်ဆောင် မှုများရှိသော်လည်း ဥရောပတစ်ဝှမ်းရှိ စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှုသည်  ၂၀၂၂ ခုနှစ် အထိဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ကယ်ရယ် ဟက်လီဆက် (Karel Havlíček) က ပြောကြားခဲ့ပါသည်။ ထို့ပြင်လာမည့်  ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားဈေးနှုန်းသည် ၃၀ မှ ၅၀ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ဈေးနှုန်း သည်လည်း ၅၀ မှ ၇၀ ရာခိုင်နှုန်းမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။

              ချက်သမ္မတနိုင်ငံအစိုးရလုပ်ဆောင်လျက်ရှိသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တိုက်ဖျက်ရေးကို အဟန့်အတားဖြစ်စေနိုင်သောစွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန် အတွက် အစိုးရအနေဖြင့် ပြန်လည်ဖွံ့ဖြိုးဆဲစွမ်းအင်ကဏ္ဍအပေါ်ထည့်ဝင်သည့် ငွေကြေးကို ပြောင်းလဲသွားမည် ဖြစ်ပါသည်။ အစိုးရသည် ရေရှည်အစီအစဉ်တစ်ရပ်အနေဖြင့် ရုပ်ကြွင်းလောင်စာအစား နျူကလီးယားစွမ်းအင်ကဏ္ဍကို တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ သို့သော် နျူကလီးယားစွမ်းအင်ကဏ္ဍကိုလုပ်ဆောင်ရန် နောက်ထပ် ၁၅ နှစ်မှ ၁၇ နှစ်အထိကြာမြင့်မည်ဖြစ်ပြီး ၎င်းမတိုင်မီ နိုင်ငံအတွင်း၌ ရုပ်ကြွင်းလောင်စာ များကိုသာ ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Cost of energy to spike next year, warns Czech minister

No comments:

Post a Comment