Thursday, December 16, 2021

ဂျော်ဒန်ဘုရင်သည် ဆိုက်ပရပ်စ်သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန်ရှိခြင်း

 

Financialmirror; Dec-16 (Thu)

              ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ(၂) ဘင်အယ်လ်ဟူစိန် (Abdullah II bin Al-Hussein) သည် ဆိုက်ပရပ်စ်သမ္မတ နီကိုးစ်အက်နာစတာဆီရာဒစ် (Nikos Anastasiadis) နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်အတွက် ဒီဇင်ဘာလ ၁၇ ရက်တွင် ဆိုက်ပရပ်စ်သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့သည် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပျံ့နှံ့မှုနှင့် ဆိုက်ပရပ်စ်ပြဿနာတို့၏ အကျိုးသက်ရောက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

              ထို့ပြင် ၎င်းတို့သည် ဆိုက်ပရပ်စ်နှင့် ဂျော်ဒန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီး ဌာနများ၏ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အခွန်နှစ်ထပ်ဆောင်ခြင်းမှ ‌ရှောင်ကြဉ်ခြင်းနှင့် တရားခံလွှဲပြောင်းပေးအပ်ရေးဆိုင်ရာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါသည်။  အဆိုပါနှစ်နိုင်ငံ ခေါင်းဆောင်များ၏ မျက်နှာချင်းဆိုင်ဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ များပါဝင်သော ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ တွေ့ဆုံမှုအတွင်း သမ္မတ အက်နာစတာဆီရာဒစ်နှင့် ဂျော်ဒန်ဘုရင်တို့သည် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကိုလည်း အပြန်အလှန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment