Wednesday, December 15, 2021

တူရကီကာကွယ်ရေးဝန်ကြီးသည် ဥဇဘက်ကစ္စတန်စစ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံခဲ့ခြင်း

တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် ဥဇဘက်ကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရှုခါဒိုမူခါမီဒေါ့ဗ် (Shukhrat Kholmukhamedov) အား တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ ဒီဇင်ဘာလ ၁၅ ရက်တွင် တွေ့ဆုံ ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှု အတွင်း စစ်ဘက်ပညာရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ရှိရင်းစွဲဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ဗိုလ်ချုပ်ကြီး ဟူလူဆီအကာက ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ် ရှုခါဒိုမူခါမီဒေါ့ဗ်အနေဖြင့် တူရကီ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ရက်ဆာဂူလာ (Yasar Guler) ၏ ဖိတ်ကြားချက်အရ တူရကီ နိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း Yenisafak သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment