Friday, December 3, 2021

တူရကီ-ကာတာ (၇)ကြိမ်မြောက် မဟာဗျူဟာမြောက်ပူးတွဲကော်မတီအစည်းအဝေးကို ဒီဇင်ဘာလ ၁၇ ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့၌ ကျင်းပသွားရန်စီစဉ်ထားခြင်း

 

ကာတာ-တူရကီ (၇)ကြိမ်မြောက် မဟာဗျူဟာမြောက်ပူးတွဲကော်မတီ၏ အစည်းအဝေးကို ဒီဇင်ဘာလ ၁၇ ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့၌ ကျင်းပ သွားရန်စီစဉ်ထားကြောင်း ကာတာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး ဒေါက်တာ မူစတာဖာဂုဆို (Dr Mustafa Gukso) က ဒီဇင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ဦးဆောင်၍ ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အစည်းအဝေးအား ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ် ရေးထိုးသွားနိုင်ရန် မျှော်မှန်းထားကြောင်း မူစတာဖာဂုဆိုက ထည့်သွင်းပြောကြားခဲ့ ပါသည်။ ကာတာ-တူရကီ ပူးတွဲကော်မတီအား ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား သဘောတူညီချက် ၆၀ ကျော်ကိုလည်း လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment