မော်ဒိုလ်ဗာနိုင်ငံ၏ ခွဲထွက်ပြည်နယ်ဖြစ်သော ထရန်စ်နစ္စထရီးယား သမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာရောက်ပေးသူအနည်းငယ်သာရှိပြီး ရွေးကောက်ပွဲဥပဒေများ ချိုးဖောက်မှုမရှိကြောင်း ရုရှားအောက်လွှတ်တော်၏ ယူရေးရှားပေါင်းစည်းရေးနှင့် ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ လီယိုနစ်ကာလက်ရှ်နီကော့ဗ် (Leonid Kalashnikov) က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ကာလက်ရှ်နီကော့ဗ်အပါအဝင် ရုရှား လွှတ်တော်အမတ် ၄ ဦးတို့သည် ရွေးကောက်ပွဲအခြေအနေများအား လေ့လာ စောင့်ကြည့်ရန် ထရန်စ်နစ္စထရီးယားသို့ရောက်ရှိနေစဉ် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ သမ္မတရွေးကောက်ပွဲတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဗာဒင်ခရာစနိုဆာစကီ (Vadim Krasnoselsky)နှင့် ဂရီဂိုရီယိုပိုလ် (Grigoriopol) ခရိုင်လွှတ်တော်အမတ် ဆာဂျီလ်ပိုင်ဇာ (Sergey Pynzar) တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါသည်။ ထရန်စ်နစ္စထရီးယားသမ္မတရွေးကောက်ပွဲအား ဒီဇင်ဘာလ ၁၂ ရက်တွင် ကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်တွင် မဲရလဒ်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment