တူရကီနှင့် အာမေးနီးယားနိုင်ငံတို့အကြား
ဆက်ဆံရေးပြန်လည်ကောင်းမွန် လာစေရေး လုပ်ငန်းစဉ်များကို ဆွေးနွေးရန်အတွက် နှစ်နိုင်ငံအထူးကိုယ်စားလှယ်များ
ခန့်အပ်ခြင်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအပေါ် ကြိုဆိုထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Anthony Blinken) က ဒီဇင်ဘာလ
၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနှင့် အာမေးနီးယားအစိုးရများအနေဖြင့် နှစ်နိုင်ငံအထူးသံတမန်များကို မကြာမီခန့်အပ်သွားမည်ဖြစ်ကြောင်း
တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ
(Mevlut Cavusoglu) က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃
ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ယခင်ဆိုဗီယက် ပြည်ထောင်စုမှခွဲထွက်ခဲ့သည့် အာမေးနီးယားနိုင်ငံ၏ လွတ်လပ်ရေးရရှိမှုကို
အသိအမှတ် ပြုခဲ့သည့် ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment