Friday, December 17, 2021

တူရကီပြည်တွင်းတိုက်လေယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိခြင်း

 

တူရကီနိုင်ငံသည် ပြည်တွင်းတိုက်လေယာဉ်များ ထုတ်လုပ်ရေးကဏ္ဍတွင်  ပူးပေါင်း ဆောင်ရွက်သွားရန် အဇာဘိုင်ဂျန်နှင့် ပါကစ္စတန်ကဲ့သို့သောနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကြောင်း တူရကီကာကွယ်ရေးစက်မှုလုပ်ငန်းကော်မတီ၏ အကြီးအကဲ အစ္စမေးလ်ဒီမီရာ (Ismail Demir) က CNN သတင်းဌာနနှင့် ဒီဇင်ဘာလ ၁၈ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အရင်းအမြစ် များသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအတွင်း စီမံကိန်းတစ်ခုကိုအကောင် အထည်ဖော်ရန် မလုံလောက်သည့်အတွက် အပြုသဘောဆောင်သောနိုင်ငံများနှင့် ပူးတွဲ ဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ၎င်း၏ပဉ္စမမျိုးဆက် တိုက်လေယာဉ် TF-X ကို ၂၀၁၃ ခုနှစ်၊ မေလတွင် စတင်ကြေညာ ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ပျံသန်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိ ရပါသည်။

No comments:

Post a Comment