Wednesday, December 1, 2021

ဂရိစစ်ဘက်သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ M1117 သံချပ်ကာ လုံခြုံရေးယာဉ်များအား လက်ဆောင်ရရှိခဲ့ခြင်း

 

Greekcitytimes; Dec-3 (Fri)

              ဂရိစစ်ဘက်၏ အမှတ် ၃၀၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံ၌  ဒီဇင်ဘာလ ၂ ရက်က ပြုလုပ်ခဲ့သည့်အခမ်းအနားတစ်ခုအတွင်း ဂရိစစ်ဘက်အနေဖြင့် အမေရိကန်ထံမှ M1117 သံချပ်ကာလုံခြုံရေးယာဉ်(Armored Security Vehicle-ASV)  ၁,၂၀၀ အနက် ပထမအသုတ်အဖြစ် ၄၄ စီးကို လက်ခံရရှိခဲ့ကြောင်း ဂရိနိုင်ငံပိုင် Kathimerini နေ့စဉ်သတင်းစာက ဒီဇင်ဘာလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိ စစ်ဘက်အနေဖြင့် ကာကွယ်ရေးအပိုပစ္စည်းများ အသုံးချရေးအစီအစဉ် (Excess Defense Articles Program)အရ အမေရိကန်ထံမှ M1117 ASV အစီးရေ ၁,၂၀၀ ကို လက်ဆောင်အဖြစ် လက်ခံရရှိမည်ဖြစ်ကြောင်း အဆိုပါသတင်းစာ၌ ဖော်ပြထားပါသည်။

              အဆိုပါ M1117 သံချပ်ကာလုံခြုံရေးယာဉ်များသည် ဂရိစစ်ဘက်အတွက် စစ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikos Panagiotopoulos) က ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံ၏ပထဝီနိုင်ငံရေးအခြေအနေ၊ အရှေ့မြေထဲပင်လယ်၊ အေဂျီယန်ပင်လယ်အပါအဝင် ဒေသတွင်းခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့်အတွက် ဂရိနိုင်ငံအနေဖြင့် အမြဲတမ်းစစ်ရေးသတိရှိရန်နှင့် မြင့်မားသောကာကွယ်ရေးစွမ်းရည်ရှိရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ ဂရိစစ်ဘက် အနေဖြင့် စုစုပေါင်း M1117 ASV အစီးရေ ၁,၂၀၀ အနက် နောက်ထပ် M1117 ASV အစီး ၄၀၀ ကျော်ကို လာမည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် အမေရိကန်ထံမှ ထပ်မံလက်ခံ ရရှိသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment